ဈေးကွက်ဈေးနှုန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင်တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ညီနောင်အသင်းများနှင့် အိုင်စီတီဆိုင်ရာအခွင့်အလမ်းများဆွေးနွေးပွဲကျင်းပခြင်း

Last Updated:

၂၈-၉-၂၀၂၀ ရက်နေ့နံနက်( ၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် Myanmar ICT Sector နှင့်စပ်လျဉ်းသည့်အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်း  ဦးဆောင်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းအချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများတွေ့ဆုံခဲ့ပါ သည်။

အဆိုပါဆွေးနွေးပွဲတွင် Myanmar Computer Federation မှ ဥက္ကဌ ဖြစ်သူ ဦးမင်းဇေယျာလှိုင်မှ MCF Overview, Vision and Mission များအကြောင်း၊ ဒုတိယဥက္ကဌ၊ ဒေါက်တာထွန်းသူရသက်မှ ICT as Priority Sector in Myanmar’s National Export Strategy (2020) ၊ ဒုတိယဥက္ကဌ၊ ဦးရဲရင့်ဝင်းမှ ICT/ Science& Technology Park in Myanmar ၊ ICT Education Sector ၊ Myanmar 4.0 ( Fourth Industrial Revolution)နှင့်ပတ်သက်၍ တင်ပြဆွေးနွေးပါသည်။

စီးပွားရေးသံမှူးများဖြစ်သော ဒေါက်တာရွှေစင်ကို (နန်နင်း-တရုတ်) ၊ ဒေါ်ဝင်းပပသူ(ကိုရီးယား)၊ ဒေါ်အေးသီခိုင်(ဟောင်ကောင်-တရုတ်)၊ ဒေါ်နန္ဒာဝင်း(ဂျပန်)၊ ဦးကျော်စိန်ဝင်း(ဘယ်လ်ဂျီယန်) ဦးနေအေးလွင်(အိန္ဒိယ)နှင့် ဒေါ်သီတာဝင်းဌေး(ဂျာမဏီ) တို့က ICT  နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံများတွင် လက်ရှိဆောင်ရွက်နေမှုများနှင့် အနာဂတ်ပြပွဲ၊ ပြိုင်ပွဲများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။